ဖားကန့်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁ ကချင်ပြည်နယ် ဖားကန့်မြို့တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေ၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်ဟောင်းနောက်ဆုံးနေ့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖားကန့် တပ်မကုန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများမှာ စိုင်းတောင် ရပ်ကွက် ၁ မှ ဘက်သို့ ကျရောက်ပေါက်ကွဲ၍ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “အကြမ်းဖက်စစ်ကောင်စီက မနေ့က နှစ်သစ်ကူး အကြို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဖားကန့်တပ်မကုန်းက လက်နက်ကြီး ၃ […] The post ဖားကန့်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .