မြန်မာ တစ်နိုင်ငံလုံး ဖက်ရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် ကရင်နီ တော်လှန်ရေးက အခြေခံအင်အားဟု IEC ဥက္ကဋ္ဌ ခူဦးရယ် ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁ ကရင်နီပြည်သူများ၏‌ တော်လှန်ရေးက မြန်မာတစ်နိုင်ငံလုံး ဖက်ရယ်ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးအတွက် အခြေခံအင်အားတစ်ရပ်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင် စီ ဥက္ကဋ္ဌ ခူဦးရယ်က ထုတ်ဖော်ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ကရင်နီပြည်သူများသို့ ပေးပို့သော နှစ်သစ်ကူး သဝဏ် လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယနေ့ ကရင်နီပြည်နယ်သည် အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်မှုအောက် တွင် လူမှုဘဝ၊ စီးပွားရေး၊ ယဉ် ကျေးမှု၊ လုံခြုံရေးစသည့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ နေရသော်လည်း ပြည်သူ များ၏ သတ္တိ၊ အညံ့မခံ အားမလျော့သော စိတ်ဓာတ်၊ လွတ်မြောက်ရေး အ ပေါ် ယုံကြည်ချက်တို့ကို မည်သည့်အခက်အခဲကမျှ မတားဆီးနိုင်ကြောင်း၊ ကရင်နီပြည်သူများ၏ တော်လှန်ရေးမှာ […] The post မြန်မာ တစ်နိုင်ငံလုံး ဖက်ရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် ကရင်နီ တော်လှန်ရေးက အခြေခံအင်အားဟု IEC ဥက္ကဋ္ဌ ခူဦးရယ် ပြော appeared first on Khit Thit Media .