ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေါ်ပြူလာနယူးစ်သတင်းဌာနမှ မေးမြန်းလိုသည့် မေးခွန်းများနှင့် ပြန်လည်ဖြေကြားသည့် အဖြေများ

Credit to Popular Journal - မေး (၁) ။ ပြည်သူတွေနဲ့အတူ အခုလိုပါဝင်မဲပေးရတဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုခံစားရပါသလဲ။ ဖြေ (၁) ။ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်ပြည်သူတွေနဲ့ တစ်သားတည်း မဲပေးခဲ့တယ်။ ပြည်သူနဲ့ တစ်သားတည်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဆန္ဒမဲပေးတယ်ဆိုတာ အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လောက်ပဲ ပညာပေးလှုံ့ဆော်မှုတွေလုပ်လုပ် မိမိအသိစိတ်နဲ့မိမိ တစ်ဦးချင်းက စိတ်ဆန္ဒအရဆုံးဖြတ်ရတာပါ။ မဲပေးခဲ့တဲ့ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝအသုံးချလိုက်တာပါပဲ။ ဒီလို နိုင်ငံသားတာဝန်ကျေပွန်တဲ့ ပြည်သူတွေကို ချီးကျူးပါတယ်။ ကျွန်တော်သည်လည်း ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူနဲ့အတူမဲပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်တဲ့ မဲရုံတွေမှာ မဲပေးမှုများရော၊ သတင်းမှတ်တမ်းတွေမှာ မဲပေးနေကြတဲ့ ပုံရိပ်တွေကြည့်ပြီး ကျွန်တော် အားရကျေနပ်ပါတယ်။ ပြည်သူလူထုဟာ ဒီမိုကရေစီကို ဘယ်လောက်လိုလားတယ်၊ ငြိမ်းချမ်းရေးကိုဘယ်လောက်လိုလားတယ်ဆိုတာ ပြတာပါပဲ။ ပြည်သူ့အောင်ပွဲလို့ပဲ ပြောပါရစေ။ မေး […] The post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေါ်ပြူလာနယူးစ်သတင်းဌာနမှ မေးမြန်းလိုသည့် မေးခွန်းများနှင့် ပြန်လည်ဖြေကြားသည့် အဖြေများ appeared first on Popular .