မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း (၁၁) နည်းဝင်ရောက်ယှဥ်ပြိုင်မည်

Credit to Popular Journal - ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အားကစားနည်း (၁၉) နည်းဖြင့်ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁) နည်းတွင်ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ရေကူး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ အလေးမ၊ ဂိုးလ်ဘော၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ‌ေ-သနတ်ပစ်၊ ဘိုစီယာ၊ ဘိုးလင်းအားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။ အဆိုပါ စခန်းဝင်လေ့ကျင့်နေသည့် မသန်စွမ်းအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ဒီဇင် ဘာ ၂၉ ရက်ကတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြရန်၊ […] The post မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း (၁၁) နည်းဝင်ရောက်ယှဥ်ပြိုင်မည် appeared first on Popular .