Credit to Popular Journal - စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ဒီဇင်ဘာ ၃၁ ရက်ကကျင်းပသည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁၁/၂၀၂၅) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံများအကျိုးရှိမည့် လုပ်ငန်းများအားလုပ်ဆောင်ကာ ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းစီးပွားရေးရာဝန်ကြီးက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများ၊ တိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ခရီးသွားလုပ်ငန်းကော်မတီ (၁၀/၂၀၂၅) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည်များ၊ တိုင်းအတွင်းခရီးသွားဝင်ရောက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ The post စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည် appeared first on Popular .