ဒီဇင်ဘာ ၃၁၊ နှစ်သစ်ကူးညမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ လူနေရပ်ကွက်ထဲကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ယောက် ဒဏ်ရာရပြီး၊ လူနေအိမ် ၇လုံး မီးလောင်ပျက်စီးသွားပါတယ်။