ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အား မြို့နယ်(၁၂) မြို့နယ်တွင်ကျင်းပမည်

Credit to Popular Journal - မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)အား ပဲခူးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်၍ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပချိန်တွင် လိုအပ်ချက်များမဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့ပြင် ပြည်သူများ ဆန္ဒမဲပေးရာတွင် မြန်ဆန်ချောမွေ့စေရေးအတွက် တတိယအကြိမ်ထုတ်ပြန်ထားသည့် မဲစာရင်းမှ မဲစာရင်းအမှတ်စဉ်ကို ကြိုတင်သိရှိထားနိုင်ရန် လက်ဝယ်အရောက်ဖြန့်ဝေပေးထားရမည်ဖြစ်သည့်အပြင် မဲရုံပြင်ပတွင်လည်း မဲစာရင်းရှာဖွေပေးနိုင်သည့် laptopများ၊ Mobile Phone များဖြင့် ရှာဖွေပေးရမည်ဟု မှာကြားသည်။ ထို့အတူ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများနှင့် မဲရုံတာဝန်ကျဝန် ထမ်းများအား မဲရုံလုပ်ငန်းစဉ်အဆင့်ဆင့်အား သိရှိနားလည်သဘောပေါက်စေရေးအတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲလာရောက်ပေးနိုင်ရန်ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။ လက်ရှိအချိန်၌ ပဲခူးတိုင်းအတွင်း၌ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မြို့နယ်(၁၂)မြို့နယ်အတွက် အီလက်ထရောနစ်မဲပေးစက်များဖြန့်ခွဲထားရှိပြီးဖြစ်ကာ […] The post ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အား မြို့နယ်(၁၂) မြို့နယ်တွင်ကျင်းပမည် appeared first on Popular .