ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင်ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင်ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီခွဲအချိန် ဒီပဲယင်းမြို့နယ်၊ အရှေ့တောင်ခြမ်း၊ မူးကမ်းကြီးကျေးရွာ ရှိ အခြေခံပညာအထက်တန်း စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ စာသင်ကျောင်းမှာ စစ်ဘေးရှောင်ပြည်သူများ စုဝေးနေထိုင်သော ကျောင်းဖြစ်ကြောင်း သိရှိရသည်။ “ဗုံးကျဲချတာက စာသင် ကျောင်း အရှေ့တောင်ထောင့်ကိုကျတာ။ သေဆုံးသူတော့ မရှိသေးဘူး။ ဒဏ်ရာရသူ ၇‌ ဦးကျော်ပဲရှိတယ်။ ဒဏ်ရာရသူတွေအားလုံးကို ကယ်ဆယ် ရေးသမားတွေက ဆေးကုသဖို့ ခေါ်သွားကြပြီ။စာသင်‌ကျောင်းအဆောက်အအုံ အနည်းငယ်ထိခိုက်ပျက်စီးမှုကလွဲပြီး လတ်တလောတော့ […] The post ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင်ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .