Credit to Popular Journal - နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)မှ မီးဘေးသင့်သူ(၃၀၈)ဦးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမှ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထောက်ပံ့သော ငွေကျပ်(၂၅၇)သိန်းခန့်တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ အိမ်ပျ-က်စီးမှုထောက်ပံ့ကြေး၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် ဆောင်းရာသီဖြစ်၍ ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့အနေဖြင့် မီးဘေးသင့်သူများနွေးထွေးစွာအိပ်စက်နိုင်ရေးအတွက် မြေခင်းများ၊ စောင်များ၊ အိပ်ရာပစ္စည်းများကို ချက်ချင်းစီစဉ်ပေးခဲ့ကာ မီးဘေးသင့်ကယ်ဆယ်ရေးစခန်း၌နေထိုင်စဉ် နေ့စဉ်စားသောက်ရေးကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများက စနစ်တကျစီစဉ်ပေးလျက်ရှိသည်ဟု မီးဘေးသင့်သူများကို အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့် ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)ရှိ မီးလေ-ာင်ပြင်ကိုကြည့်ရှုပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ The post ပျဥ်းမနားမြို့မှ မီးဘေးသင့်သူများကို ငွေကျပ် (၂၅၇) သိန်းခန့်တန်ဖိုးရှိ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေး appeared first on Popular .