ရန်ကုန်၊ ဇန်နဝါရီ ၂ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် လွတ်လပ်ရေးနေ့ နေအိမ်အားလုံး နိုင်ငံတော်အလံ ထောင်ရမည်ဟုဆိုကာ မြို့နယ်တချို့တွင် အလံသေးတစ်ခုလျှင် ငွေကျပ် ၉၀၀၀ ကျပ်ဖြင့် ထွေ/အုပ်က ရောင်းချနေကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ်လည်းကောင်း၊ မကြာသေးမီ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် ရွေး ကောက်ပွဲ အပိုင်း ၁ ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း မြို့နယ်၊ ရပ်ကွက်နှင့် နေအိမ်တိုင်းတွင် နိုင်ငံ တော်အလံများ လွှင့်ထူကြရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “လှိုင်သာယာအရှေ့ပိုင်း ရှမ်းချောင်းကျေးရွာ အုပ်ကြီးဇော်မြင့်က ရပ်ကွက်ထဲမှာ နေအိမ်တိုင်း […] The post ရန်ကုန်တိုင်းတွင် လွတ်လပ်ရေးနေ့ နေအိမ်အားလုံး နိုင်ငံတော်အလံ ထောင်ရမည်ဟုဆိုကာ အလံသေးတစ်ခုလျှင် ငွေကျပ် ၉၀၀၀ ကျပ်ဖြင့် ထွေ/အုပ်က ရောင်း appeared first on Khit Thit Media .