မကွေးတိုင်းလွှတ်တော်အဆောက်အအုံများနှင့် လွှတ် တော်ဝန်းအတွင်းတို့အား ပြင်ဆင်နေ

Credit to Popular Journal - မကွေးတိုင်း၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာ လမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးရှိ လွှတ်တော်အဆောက်အအုံများနှင့် လွှတ်တော်ဝန်းအတွင်းတို့၌ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ လွှတ်တော်ဝန်းအတွင်း အဝင်လမ်းလှပသာယာသန့်ရှင်းမှုရှိစေရေး ပန်းအလှပင်များစိုက်ပျိုးပြင်ဆင်နေမှု၊ လွှတ်တော်ရုံးအတွင်း အစည်းအဝေးပြုလုပ်ရာတွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တော်ကြီးများ၏ ထိုင်ခုံနေရာများ ခင်းကျင်းပြင်ဆင်ထားမှု၊ ထိုင်ခုံ၊ စားပွဲနှင့် နံရံများအရောင်တင်နေမှု၊ လုံခြုံရေးကင်းတဲ အဆောက်အဦးပြင်ဆင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ The post မကွေးတိုင်းလွှတ်တော်အဆောက်အအုံများနှင့် လွှတ် တော်ဝန်းအတွင်းတို့အား ပြင်ဆင်နေ appeared first on Popular .