နှစ်သစ်ကူးအခမ်းအနားကို သမီးဖြစ်သူနှင့်အတူ ကင်မ်တက်ရောက်

Credit to Popular Journal - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် မီးရှုးမီးပန်းပ-စ်လွှတ်မှုများ၊ မျိုးချစ်စိတ်ကိုသီကုံးစပ်ဆိုထားသော သီချင်းများ၊ အကများနှင့် တိုက်ကွမ်ဒို သရုပ်ပြမှုများ ပါဝင်သည့် ပြုံယမ်းတွင် ကျင်းပသော နှစ်သစ်ကူးအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ကြာသပတေးနေ့တွင် သတင်းဖော်ပြခဲ့သည်။ ကင်မ်၏ ရာထူးကို ဆက်ခံသူဖြစ်လာရန် ထိပ်ဆုံးမှရေပန်းစားသူအဖြစ် လေ့လာသူများက ရှုမြင်သော ၎င်း၏သမီးဖြစ်သူ ဂျူအဲသည် ဖခင်နှင့်အတူ ပွဲအခမ်းအနားများသို့ လိုက်ပါခဲ့ပြီး ကလေးများကို ပွေ့ဖက်ခြင်း၊ ဖခင်ဘေးတွင်ထိုင်ခြင်းနှင့် ဖခင်နှင့်လက်တွဲထားခြင်းတို့ကို ကေစီအင်န်အေက ထုတ်ပြန်သော ဓာတ်ပုံများတွင် တွေ့ရသည်။ ၂၀၂၅ ခုနှစ်တွင် အောင်မြင်မှုများနှင့် အံ့မခန်းအပြောင်းအလဲများကိုဖြစ်ပေါ်စေခဲ့သည့် မြောက်ကိုရီးယားပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်မ်က ချီးကျူးခဲ့ပြီး ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကျင်းပရန်မျှော်လင့်ထားသည့် ပါတီညီလာခံသည် တိုင်းပြည်၏ အနာဂတ်လမ်းကြောင်းကို ချမှတ်မည်ဖြစ်သောကြောင့် စည်းလုံးညီညွတ်ကြရန် ပြည်သူများကို […] The post နှစ်သစ်ကူးအခမ်းအနားကို သမီးဖြစ်သူနှင့်အတူ ကင်မ်တက်ရောက် appeared first on Popular .