ရန်ကုန်၊ ဇန်နဝါရီ ၂ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တယ်လေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ် တယ်လေးကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တောတဲများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ အသက် ၁၂ နှစ်အရွယ် မမိုးမိုးအောင် ၊ အသက် […] The post နတ်တလင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော တယ်လေးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦးသေဆုံး appeared first on Khit Thit Media .