နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများ ပြေးဆွဲလျက်ရှိ

Credit to Popular Journal - နှစ်သစ်ကူးရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အထူးရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အထူးရထားခရီးစဉ်များအနေဖြင့် ရန်ကုန် – နေပြည်တော်နှင့် ရန်ကုန် – မော်လမြိုင် ခရီးစဉ်များကို ပြေးဆွဲ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် – နေပြည်တော်ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီ ၃၀ တွင်( DEMU Express Train ) ကိုလည်းကောင်း၊ ရန်ကုန် – မော်လမြိုင် ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၉ နာရီ ၁၅ တွင် လေအိတ်အမြန်ရထားဖြင့် အသီးသီးတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် သွားလာမှုများသည့် အထူးရုံးပိတ်ရက်ကာလများ၌ အထူးရထားများကို စီစဉ်‌ပြေးဆွဲပေးနေပြီး […] The post နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများ ပြေးဆွဲလျက်ရှိ appeared first on Popular .