ရန်ကုန်၊ ဇန်နဝါရီ ၂ အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက် လက် အမှုဖွင့်ထားကြောင်း အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောဆိုသည်။ မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသော ဇော်ဘုန်းဟိန်းကို ဒီဇင်ဘာလအတွင်း အင်းစိန် အကျဉ်း ထောင်သို့ လွှဲပြောင်းခဲ့ပြီး ယင်းသို့ လွှဲပြောင်းမှုမှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဖွင့်လှစ်ထားသော အမှုကို ဆက်လက်စစ်ဆေးရန် ဖြစ်ကြောင်း သိရှိရသည်။ “တောင်ဒဂုံမှာ သူ့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ […] The post မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက်လက်အမှုဖွင့်၊ အသနားခံစာ အကြိမ်ကြိမ်တင်သော်လည်း လွှတ်မပေး appeared first on Khit Thit Media .