ရန်ကုန်၊ ဇန်နဝါရီ ၂ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပဲခူးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် Grade-12 ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များပျက်စီးခဲ့ကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၁၇ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်း ဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပဲခူးရွာစာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် […] The post အင်းတော်၊ ကျောက်ကြီးနှင့်မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် အခြေခံ ပညာကျောင်းသူ ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ appeared first on Khit Thit Media .