ဆင်ဖြူကျွန်းမြို့၊ မန်ကျည်းတောရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၁ ဦးသေဆုံး၊ မြို့ပေါ်ထွေ/အုပ်ရုံးလည်း လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မန်ကျည်းတောရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၁ ဦးသေဆုံးကာ မြို့ပေါ်ထွေ/အုပ်ရုံးလည်း လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီးခဲ့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ရွာဘက်မှ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထို လက်နက်ကြီးကျည်သည် မန်ကျည်းတောရွာပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးပွဲချင်းပြီးသေဆုံးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် မန်ကျည်းတောရွာမှ ဦးကံမြင့်၏ သမီးဖြစ်သူ နေအိမ်ပေါ် […] The post ဆင်ဖြူကျွန်းမြို့၊ မန်ကျည်းတောရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၁ ဦးသေဆုံး၊ မြို့ပေါ်ထွေ/အုပ်ရုံးလည်း လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီး appeared first on Khit Thit Media .