ပေါင်းတလည်မြို့မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့မှ ကင်းပတ်ရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာမဲရုံ လုံခြုံရေးအတွက် ပေါင်းတလည်မြို့မှကင်းပတ်ရန် ထွက်လာသော စစ်သား ၁၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ကန်စုရွာအနောက်ဘက် စာသင်ကျောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်သား […] The post ပေါင်းတလည်မြို့မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး appeared first on Khit Thit Media .