သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ

ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။