ဘီးလင်းမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ကသာမြို့ဝန်းကျင်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကလေးကျေးရွာအတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ဘီးလင်းမြို့နယ်၊ အလူးကလေးကျေးရွာဘက်သို့ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်တဲမုခ်ဝရှေ့သို့ ကျရောက်ပေါက်ကွဲပြီး အလူးကလေးကျေးရွာသား ဦးသန်းနိုင်၊ ဒေါ်သန်းဌေးနှင့် အထပ်သား ဝန်ထမ်းတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ “ဒီနေ့မနက် ၈ နာရီက အထပ်သားဘေး ကျိုက်တဲမုခ်ဝရှေ့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ အလူးရွာသား နှစ်ဦးဖြစ်တဲ့ […] The post ဘီးလင်းမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ကသာမြို့ဝန်းကျင်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ၁ ဦးသေဆုံး appeared first on Khit Thit Media .