ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပချိန်၌ မင်းလှမြို့နယ်ရှိ မဲရုံ(၄၈)ရုံတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

Credit to Popular Journal - ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂)၌ မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ မဲရုံ(၄၈)ရုံတွင်တာဝန်ထမ်းဆောင်မည့်  မဲရုံမှူး၊ ဒု-မဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းမှစတင်ကာ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။ မဲရုံများတွင်တာဝန်ထမ်းဆောင်မည့် မဲစာရင်းပါရှိပြီးဖြစ်သော ဆရာ၊ ဆရာမများအပါအဝင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်ရန် ရှိသည့်ဝန်ထမ်းများမှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြိုတင်ဖြည့်သွင်းရမည့် လျှောက်လွှာပုံစံ(၁၃)နှင့်အတူ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ ကြိုတင်ဆန္ဒမဲများပေးနိုင်ကြောင်း သိရသည်။ The post ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပချိန်၌ မင်းလှမြို့နယ်ရှိ မဲရုံ(၄၈)ရုံတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး appeared first on Popular .