Credit to Popular Journal - (၂၈)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အား ယနေ့ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းစံပြကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က ကြိုဆိုဂုဏ်ပြုစကားပြောကြားပြီးနောက် လားဟူတိုင်းရင်းသားလူငယ်များက သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ရိုးရာလက်ဆေးမင်္ဂလာခံယူပြီး ရိုးရာမြေဝိုင်း အက၊ ခေတ်ပေါ်အဆိုအက၊ ဗူးပလွေမြေဝိုင်းအကများဖြင့် ကပြဖျော်ဖြေ၍နှစ်သစ်ကိုကြိုဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ နှစ်သစ်ကူးပွဲတော်အား လားဟူတိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြှုပ်နေသော ရိုးရာယဉ် ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင်ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သည် လားဟူတိုင်းရင်းသားများ၏ တစ်နှစ်တာ ရာသီကာလအတွင်းကျင်းပသော ပွဲတော်များအနက် အထွဋ်မြတ်ဆုံးနှင့် အကြီးအကျယ်ဆုံးပွဲတော်ဖြစ်ကာ ၎င်းတို့ ဝတ်ဆင်သော ရိုးရာအဝတ်အစား၏ အရောင်ကိုအမှီ ပြု၍ […] The post (၂၈)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ appeared first on Popular .