ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်နှင့်ရဲစခန်းသို့ သွားရောက် ခိုလှုံသည့် Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၂ စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်စခန်းများထံသို့ သွားရောက် ပူးပေါင်းသည့် Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်းနေကာ ငြင်းဆန်မရ ဖြစ်နေကြောင်း ခမရ ၃၀၉ တပ်အတွင်း ခိုလှုံရောက်ရှိနေသည့် Non-CDM ဝန်ထမ်းတချို့နှင့် အဆက်အသွယ်ရှိနေသော နေပြည်တော်ထွေ/အုပ်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ကသာမြို့သိမ်းတိုက်ပွဲကို KIA နှင့် PDF တပ်များက ဆင်နွှဲပြီးနောက် ထွေ/အုပ်ရုံး၊ မြို့နယ်တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ လ၀က အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများနှင့် မိသား စုများမှာ စစ်တပ်နှင့်ရဲများထံသို့ သွားရောက် ပူးပေါင်းခိုလှုံကြကြောင်း၊ တချို့သော Non-CDM ဝန်ထမ်းများမှာလည်း စစ်ဘေးရှောင်များနှင့်အတူ မြို့မှ ထွက်ခွာသွားကြကြောင်း၊ လက်ရှိ စစ်တပ်၊ […] The post ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်နှင့်ရဲစခန်းသို့ သွားရောက် ခိုလှုံသည့် Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း appeared first on Khit Thit Media .