နတ်မောက်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့တွင် စစ်ကားနှင့် ကင်းလှည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်အရာရှိ အပါအဝင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂ မကွေးတိုင်း၊ နတ်မောက်မြို့နယ် စစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း နတ်မောက်မြို့နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြးသည်။ ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၈ နာရီခန့်က နတ်မောက်မြို့နယ်၊ စိုင်ကောင်း -ရွာမွန်လမ်းမပေါ် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စိုင်းကောင်းကျေးရွာ ဘက်မှ လာသော အရာရှိါအပါအဝင် စစ်သား ၃ ဦး လိုက်ပါလာသည့် တိုယိုတာ ဟိုင်းလပ်ဆပ်ကား တစ်စီးကို စစ်ဆေးရာ စစ်ဆေးခံခြင်းမပြုပဲ မောင်းပြေးသဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ကားနောက်ခန်းတွင်လိုက်ပါလာသော အရာရှိအပါအဝင် စစ်သား […] The post နတ်မောက်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့တွင် စစ်ကားနှင့် ကင်းလှည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်အရာရှိ အပါအဝင် စစ်သား ၂ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ appeared first on Khit Thit Media .