Credit to Popular Journal - ရွေးကောက်ပွဲ၏ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်း၊ ကပ်ထားကြေညာခြင်းတို့ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဇန်နဝါရီ ၂ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ UEC ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ကြို တင်ဆန္ဒမဲများရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စား လှယ်များ၊ အသိသက်သေများနှင့် အများပြည်သူများကိုဖိတ်ကြား၍ ပွင့်လင်းမြင်သာ၊ တိကျမှန်ကန်စွာဆောင်ရွက်ခဲ့ပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ပြင် UEC အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပသည့် ရွေးကောက်ပွဲတွင် ပြည်တွင်း/ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် […] The post ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်း၊ ကပ်ထားကြေညာခြင်းတို့ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ဟု UEC အသိပေး appeared first on Popular .