Credit to Popular Journal - ၂၀၂၆ ခုနှစ် အတွင်း ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် နှစ်လက်မပတ်လည်အရွယ် ရွှေရာဆိုင်း မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်း (၁၀၀၀၀) ဆိုင်းနှင့် စက်မှုရွှေဆိုင်း (၁၅၀၀၀) ဆိုင်းကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားသည်။ ရွှေဆိုင်းရောင်းချလိုသူများအနေဖြင့် ဈေးပြိုင်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ဂေါပကအဖွဲ့ရုံး၊ ရွှေနှင့်ရတနာဌာန၌ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီတွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်များ တန်ဆောင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ The post နှစ်လက်မပတ်လည်အရွယ် မြန်မာ့ရိုးရာလက်မှုရွှေရာဆိုင်း (၁၀ဝဝဝ) ဆိုင်းနှင့် စက်မှုရွှေရာဆိုင်း (၁၅၀၀၀)ဆိုင်း ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူ appeared first on Popular .