ငလျင်ကြီးကြောင့်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်၊ ပုညရှင်နှင့် မဟာမင်္ဂလာစေတီတော်ကြီးတို့ကိုအကြီးစားဘက်စုံပြုပြင်မွန်းမံနေ

Credit to Popular Journal - ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦးများ ပြုပြင်မွမ်းမံလျက်ရှိရာ ယခုလက်ရှိတွင် စေတီတော်တောင်ဘက်မုဒ်အာရုံခံတန်ဆောင်းအား ပြန်လည်ပြုပြင်နေပြီး စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများခင်းကျင်းနိုင်ရန်ပြုပြင်နေကြောင်းသိရသည်။ ယင်းကဲ့သို့ အကြီးစားဘက်စုံပြုပြင်မွန်းမံနေသော စူဠာမဏီကောင်းမှုတော်စေတီတော် မြတ်ကြီးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်အဖွဲ့သည် ဇန်နဝါရီလ (၂) ရက် မွန်းလွဲပိုင်းက သွားရောက်ကာ တည်ဆောက်ရေးတာ ဝန်ခံများ၏ လုပ်ငန်းအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။   ထို့ပြင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးကို ပြန်လည်မွမ်းမံတည်ထားနေသလို သာသနာ့ဗိမာန်တော်ကြီးကိုလည်း ပြန်လည်ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြုပြင်မွန်းမံတည်ဆောက်နေသည့် ဆွမ်းဦးပုညရှင်စေတီတော်၊ ပုရဝုဏ်နှင့် သာသနာ့ဗိမာန်တို့သို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး […] The post ငလျင်ကြီးကြောင့်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်၊ ပုညရှင်နှင့် မဟာမင်္ဂလာစေတီတော်ကြီးတို့ကိုအကြီးစားဘက်စုံပြုပြင်မွန်းမံနေ appeared first on Popular .