Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်း တိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင် အုတ်မြစ်တော်စီ မင်္ဂလာကို ဇန်နဝါရီလ (၂) ရက်၊ နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ကြီးတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ သီတဂူဆရာတော်ကြီးထံတော်မှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့် အလှူရှင်များက သတ်မှတ်နေရာများ အသီးသီးတွင် အုပ်မြစ်တော်စီ မင်္ဂလာပြုလုပ်ခဲ့ကြပြီး အမွှေးနံ့သာရေများ ပ တ်ဖျန်းပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကရတနာကြုတ်များအား အုပ်မြစ်တော်အလယ်ဗဟိုရှိ သ တ်မှတ်နေရာများတွင် အုတ်မြစ်တော်စီမင်္ဂလာပြုလုပ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးနှင့်အတူ အမွှေးနံ့သာရေများပတ်ဖျန်းကာ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ The post သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ ကျောင်းတိုက်၊ သီတဂူသန္နိပါတ ဘွဲ့နှင်းသဘင် အုတ်မြစ်တော်စီ မင်္ဂလာကျင်းပ appeared first on Popular .