Credit to Popular Journal - စင်ကာပူ ဇန်နဝါရီ ၃ ရက် စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အချိန်ဖြစ်၍ ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုကာ နှစ်သစ်ကို စတင်လိုက်ကြောင်းသိရှိရသည်။ စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သောကြာနေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အက်ဖ်အေ) က သတင်းထုတ်ပြန်ခဲ့သည်။ “ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းနဲ့ သမ္မတ ထရမ့်ပ်တို့ဟာ ၂၀၂၆ ခုနှစ်မှာ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း နှစ် ၆၀ ပြည့်မြောက်တဲ့အကြောင်းကို မှတ်တမ်းတင် ပြောကြားခဲ့ကြပါတယ်” ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ၎င်းတို့နှစ်ဦးအနေဖြင့် ကဏ္ဍပေါင်းစုံတွင် ဖြန့်ကျက်ဆောင်ရွက်လျက်ရှိသော နှစ်ဦးနှစ်ဖက် […] The post ဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က ထရမ့်ကို ကျေးဇူးတင်စကားဆို appeared first on Popular .