Credit to Popular Journal - မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်သည် ရွေးကောက်ပွဲအပိုင်း (၂) တွင်ပါဝင်၍ ဆန္ဒမဲရုံအဆောက်အဦးနှင့် အနီးဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးအတွက် မီးဘေးစစ်ဆေးပညာပေးခြင်း၊ လမ်းမကြီးများအလိုက် အသိပေးနှိုးဆော်ခြင်းများ မြို့နယ်မီးသ-တ်ဦးစီးဌာန၏တပ်ဖွဲ့ဝင်များမှ ယနေ့ ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။ မီးသ-တ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ရွေးကောက်ပွဲကာလအတွင်းမဲရုံများနှင့် ပတ်ဝန်းကျင်ဒေသများ မီးဘေးလုံခြုံရေးစစ်ဆေးပညာပေးခြင်း၊ ဇာတ်တို-က်လေ့ကျင့်ခြင်း၊ မြို့ပေါ်လမ်းမများအလိုက် မီးဘေးလုံခြုံရေးအသိပေးနှိုးဆော်ခြင်း၊ မဲရုံပြုလုပ်မည့် အဆောက်အဦး/နေရာများနှင့် ပတ်ဝန်းကျင်မှ လူနေအိမ်အဆောက်အဦးများ၊ ဌာနဆိုင်ရာအဆောက်အဦးများ မီးဘေးလုံခြုံရေး စစ်ဆေး/ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ The post ဆင်ပေါင်ဝဲမြို့နယ်၌ မီးလေ-ာင်မှုမဖြစ်ပွားစေရေး လိုက်လံနှိုးဆော် appeared first on Popular .