Credit to Popular Journal - ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ BPI ဆေးဝါးစက်ရုံလမ်းတွင် ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းတွင်ယာဉ်တို-က်မှုဖြစ်ပွားပြီး အမျိုးသား (၁) ဦးညပ်နေသဖြင့် အင်းစိန်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ “ကားတို-က်တယ်ဆိုတဲ့အသံကြားလို့ ကူညီရအောင်သွားခဲ့တယ်။ တို-က်တဲ့နေရာရောက်တော့ မီးသ-တ်တွေကော လူမှုကူညီရေးအသင်းဝင်တွေကော ညပ်နေတဲ့လူကိုဝိုင်းကယ်နေကြတာတွေ့တယ်။ YBS နဲ့ အိမ်စီးကားတို-က်မိတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကားအတွင်းညပ်နေသည့် အမျိုးသားအားကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသော်လည်း ထိခိုက်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားသဖြင့် တွဲလက်လူမှုကူညီရေးအသင်းက အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ The post BPI ဆေးဝါးစက်ရုံလမ်းတွင် ယာဥ်တိုက်မှုဖြစ် အမျိုးသား(၁)ဦး ေ-သဆုံး appeared first on Popular .