ရန်ကုန်၊ ဇန်နဝါရီ ၃ ရန်ကုန်မြို့နှင့်ဒလမြို့တို့ကို ချိတ်ဆက်တည်ဆောက်ပြီးစီးထားပြီးဖြစ်သော ရန်ကုန်-ဒလတံတားကို မင်းအောင် လှိုင်ကိုယ်တိုင် ဗေဒင်၊ အစီအမံ၊ ယတြာများနှင့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နေပြည်တော်ထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလအတွင်း ရန်ကုန်-ဒလတံတား အပြီးသတ် အချောသတ် ချိတ်ဆက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အခမ်းအနားဖြင့် ဖွင့်လှစ်ရန်သာ ကျန်ရှိတော့ပြီး ဗေဒင်၊ ယတြာ အစီအမံများဖြင့် တံတားဖွင့်လှစ်မည့်နေ့ရက်နှင့်အချိန်ကို ရွေးချယ်ခြင်း၊ ဖွင့်ပွဲတွင် ပါဝင်ရမည့် နေ့နံများကို ရွေးချယ်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။ “တံတားက လူကြီးတွေ နေ့ကောင်းရက်သားရွေးနေတာပဲရှိတော့တယ်။ လုပ် ငန်းတွေ အကုန်ပြီးစီးသွားပြီ။ ဖွင့်မယ့်နေ့၊ ဖွင့်မယ့်ရက်၊ ပါဝင်ရမယ့် နေ့နံပုဂ္ဂိုလ်၊ ဖဲကြိုးအရောင်တွေ အဲဒါတွေက စောင့်ဆိုင်းရွေးချယ်နေတယ်။ ဖွင့်တာကတော့ အကြီးအကဲ( မင်းအောင်လှိုင်) ကိုယ်တိုင် […] The post ရန်ကုန်-ဒလတံတား အချောသတ်ပြီးစီးနေပြီဖြစ်သော်လည်း မင်းအောင်လှိုင်ကိုယ်တိုင် ဗေဒင်၊ အစီအမံ၊ယတြာများနှင့် ဖွင့်လှစ်မည့်အချိန် စောင့်ဆိုင်းနေ appeared first on Khit Thit Media .