အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်းအချိန် ပေါက်ကွဲမှုများစွာ ဖြစ်နေ၊ အမေရိကန်၏ တိုက်ခိုက်မှု ယူဆသုံးသပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃ မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်၏ တိုက် ခိုက်မှု ယူဆသုံးသပ်နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများ၊ ထိတ်လန့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး လူနာတင်ကားသံများလည်း ဆက်တိုက် သွားလာနေကြောင်း၊ အမေရိကန် လေ ယာဉ်ဟု ယူဆရသည့် လေယာဉ်များလည်း အနိမ့်ပျံသန်းနေကြောင်း ၊ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို ထိမှန်ခဲ့သည့် ပေါက် ကွဲမှုများ၏ ဗီဒီယိုမှတ်တမ်းများတွင် အော်ဟစ်သံများနှင့် မီးခိုးများ၊ မီးများ […] The post အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်းအချိန် ပေါက်ကွဲမှုများစွာ ဖြစ်နေ၊ အမေရိကန်၏ တိုက်ခိုက်မှု ယူဆသုံးသပ်နေ appeared first on Khit Thit Media .