စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းအထိ စျေးတင်ရောင်း

ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက်စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်း မဖြစ်မနေ နိုင်ငံတော်အလံများ စိုက်ထူရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်း အထိ စျေးတင်ရောင်းချနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း မကွေးနှင့်ရန်ကုန်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလ ၄ ရက်နေ့ လွတ် လပ်ရေးနေ့ နေအိမ်တိုင်း အလံစိုက်ထူရမည်ဟုဆိုကာ အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းဖြင့် ရောင်းချပြီး ပြင်ပမှ အလံများကို ဝယ်ယူခွင့်မပြုကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ အလားတူ မကွေးမြို့၊ အောင်မေတ္တာ (ခ) ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် သိန်းထိုက်က နေအိမ်တိုင်း လွတလပ်ရေးအထိမ်းအမှတ် အလံစိုက်ထူရမည်ဖြစ်ပြီး အလံမလွှင့်သော နေအိမ်များကို […] The post စစ်တပ်က လွတ်လပ်ရေးနေ့ နေအိမ်တိုင်းအလံစိုက်ရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့်ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များက နိုင်ငံတော်အလံသေးတစ်ခုလျှင် ငွေကျပ် ၂ သောင်းအထိ စျေးတင်ရောင်း appeared first on Khit Thit Media .