Credit to Popular Journal - မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၂) ၌ မဲရုံ (၅၅) ရုံ ရှိသည့်အနက် မဲရုံ (၃) ရုံမှာ တပ်မဲရုံအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တပ်နယ်မဲရုံများအဖြစ် သံဖြူဇရပ်မြို့နယ်၊ တကက (၄) တပ်နယ်ခန်းမ (ဝဲကလီကျေးရွာ)၊ အမှတ် (၃၁၅) အမြှောက်တပ် တပ်နယ်ခန်းမ (ဝဲရတ်ကျေးရွာ) နှင့် အမှတ် (၆၂) ခြေလျင်တပ် (အ.မ.က) ကျောင်း (ဖောင်စိန်ကျေးရွာ) တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သံဖြူဇရပ်မြိူ့နယ်တစ်ခုတည်းတွင် အပိုင်း (၂) ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ (၁၀၇,၃၆၃) ဦး ရှိကြောင်း သိရသည်။ သို့သော် တပ်နယ်မဲရုံ (၃) ရုံတွင် တပ်မတော်သားနှင့် မိသားစုမဲဆန္ဒရှင် မည်မျှရှိသည်ကို ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ […] The post သံဖြူဇရပ်မြို့နယ်အတွင်း မဲရုံ (၅၅) ရုံအနက် မဲရုံ (၃) ရုံမှာ တပ်မဲရုံအဖြစ် ဖွင့်လှစ်သွားမည် appeared first on Popular .