Credit to Popular Journal - ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား သမ္မတ ဒေါ်နယ်ထရမ့်က လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးနောက် မြို့တော် ကာရာကတ်စ်တွင် ပေ-ါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်က တို-က်ခို-က်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။ မီရန်ဒါ (Miranda)၊ အာရာဂွာ (Aragua) နှင့် လာဂွိုင်ရာ (La Guaira) ပြည်နယ်များတွင်လည်း တို-က်ခို-က်မှုများ ဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ပြောကြားခဲ့ပြီး၊ မာဒူရိုက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကာ ကာကွယ်ရေးတပ်ဖွဲ့များကို စုရုံးစေခဲ့သည်။ မျက်မြင်သက်သေများနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပုံရိပ်များအရ နံနက် ၂ နာရီခန့်မှစ၍ မိနစ် ၉၀ ကြာအောင် ကာရာကတ်စ်မြို့တစ်ဝှမ်းတွင် ပေါက်ကွဲသံများ၊ လေယာဉ်များနှင့် မီးခိုးမည်းများကို မြင်တွေ့ရသည်။ မြို့တစ်ဝှမ်းရှိ ဗင်နီဇွဲလားနိုင်ငံသားများသည် မီးခိုးလုံးကြီးများနှင့် ကောင်းကင်ယံရှိ တောက်ပသော […] The post မာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင် အမေရိကန်က ဗင်နီဇွဲလားအား တို-က်ခို-က် appeared first on Popular .