အောင်လံမြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးစီးပြိုင်

Credit to Popular Journal - မကွေးတိုင်း၊ အောင်လံမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အောင်လံ-ကျော်စွာ -အောင်လံ အသွားအပြန် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့ ဇန်နဝါရီ ၃ ရက်နံနက် ၆ နာရီက အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီး၌ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်စက်ဘီးကစားသမားများ (၂၃) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ The post အောင်လံမြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးစီးပြိုင် appeared first on Popular .