ရန်ကုန်၊ ဇန်နဝါရီ ၃ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် ပြီး ကျေးရွာနေ ပြည်သူများကို ဖမ်းဆီးလျက်ရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစတင်ပြီး ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် က အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ပြည်သူများကို ဖမ်းဆီးနေပြီး တစ်ရွာလျှင် လူငယ် ၇ ဦး ထက်မနည်း ဖမ်းဆီးခံထားရကြောင်း၊ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးကာ ဖမ်းဆီးနေမှု ကြောင့် မည်သည့်ရွာများမှ ဖမ်းဆီးခံရသည်ကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။ “ဒီနေ့မနက် ပုဂံညောင်ဦးမြို့နယ်ထဲက ရွာတွေကို အင်အား ၃၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုး […] The post ညောင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးနေ၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်များက စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရ appeared first on Khit Thit Media .