အိုင်ယာလန်ဝန်ကြီးချုပ် တရုတ် သွားမည်

Credit to Popular Journal - အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်သည် တနင်္ဂနွေနေ့မှစကာ တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပေကျင်းသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် တစ်နိုင်ငံချင်းဆက်ဆံရေး မြှင့်တင်နေချိန်ဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း အိုင်းရစ်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး တရုတ်ပြည်ခရီးဖြစ်သည်။ ကြာသပတေးနေ့အထိ ကြာမြင့်မည့် ၎င်း၏ ခရီးစဉ်အတွင်း မာတင်သည် ပေကျင်းတွင် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျန်းတို့အပြင် အစိုးရအကြီးတန်းအရာရှိများနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် ကူးသန်းရောင်းဝယ်ရေးအချက်အချာ ရှန်ဟိုင်းမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဤခရီးစဉ်ကို နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် အိုင်ယာလန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့နိုင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် သဘောထားရန်ဆန္ဒရှိသည်ဟုလည်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် ညဏ်ရည်တုနှင့် ခေတ်မီနည်းပညာဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှီကျင့်ဖျင်နှင့် ဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည့် တောင်ကိုရီးယားသမ္မတ […] The post အိုင်ယာလန်ဝန်ကြီးချုပ် တရုတ် သွားမည် appeared first on Popular .