Credit to Popular Journal - ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ နှစ်စဉ်နိုင်ငံခြားဝင်ငွေအမြောက်အမြားရရှိနေခြင်းကြောင်း ပိုမိုတိုးမြှင့်တင်ပို့ရန် လုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ညွှန်ကြားထားသည်။ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် CK FROZEN FOODS YANGON CO.,LTD သို့လည်းကောင်း၊ ADVANCED SEAFOOD INDUSTRIES CO., LTD သို့ လည်းကောင်း၊ သာကေတမြို့နယ်ရှိ MYANMAR GOLDEN PHOENIX INDUSTRIAL CO., LTD သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့သွားရောက်စဉ် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာမှ နိုင်ငံခြားဝင်ငွေ အမြောက်အမြား နှစ်စဉ်ရရှိလျက်ရှိရာ နိုင်ငံတကာ အသိအမှတ်ပြု တန်ဖိုးမြင့် ရေထွက်ကုန်များ နှစ်အလိုက်တန်ချိန် ပိုမိုတိုးထုတ်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း အခက်အခဲများ၊ လိုအပ်ချက်ရှိသည်များကို မိမိတို့ဌာနအနေဖြင့် တတ်စွမ်းအားရှိသမျှ ဘက်စုံထောင့်စုံမှ […] The post ရေထွက်ကုန်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရန် လုပ်ငန်းရှင်များကို ညွှန်ကြား appeared first on Popular .