ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက်စစ်တပ်က ပြုလုပ်သည့် ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် လုပ် ဆောင်သော တရားမဝင် ရာဇဝတ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေအကိုးအကားများဖြင့် ကြေညာလိုက်သည်။ မြန်မာနိုင်ငံ၏ဥပဒေမှန်သမျှကိုဆန့်ကျင်ချိုးဖောက်၍ နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ၂၀၂၅ ရွေးကောက်ပွဲမှာ တရားမဝင်သော ရာဇဝတ်မှုဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှုျွှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာခြင်းမရှိဘဲ အဓမ္မနည်းဖြင့် အာဏာရယူခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတဖြစ်ရန် ကြိုတင်ကြံစည်မှုဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဥပဒေအကိုးအကားများဖြင့် သုံးသပ်ထားသည်။ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် […] The post ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်သော တရားမဝင် ရာဇဝတ်မှုဟု မြန်မာနိုင်ငံရှေ့နေများကောင်စီက ကြေညာ appeared first on Khit Thit Media .