ရန်ကုန်၊ ဇန်နဝါရီ ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား Huang Cuilin ကို မြ၀တီမြို့နယ်ရဲစခန်းက Apollo ကျားဖြန့်ဝင်းသို့ ပြန်လည်ရောင်းစားလိုက်ကြောင်း ရောင်းစားခံရသူ တရုတ်နိုင်ငံသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။ တရုတ်နိုင်ငံသား Huang Cuilin က ဝင်ငွေကောင်း သော အလုပ်ရရှိမည်ဆိုသဖြင့် ၂၀၂၃ ခုနှစ် မေလတွင် မြ၀တီမြို့နယ်သို့ ထိုင်းနိုင်ငံမှ တစ်ဆင့်ရောက်ရှိခဲ့ပြီး ရောင်းစားခံခဲ့ရကြောင်း၊ အဆိုပါနေရာတွင် နှစ်ချီ၍ အလုပ်လုပ်ခံရပြီး သတ်မှတ်ထားသော ငွေပမာဏ ရရှိအောင် မလိမ်လည်နိုင်ပါက ရိုက်နှက်ခံရခြင်း၊ အခန်းငယ်ထဲ ပိတ်လှောင်ခံရကြောင်း၊ တစ်နေ့လျှင် ထမင်းတစ်နပ်သာပေးပြီး အလွန်ရိုက်နှက်ကြောင်း ပြောဆိုသည်။ “တရုတ်ကုမ္ပဏီကိုပဲ ကျနော့်ကို ပြန်ရောင်းစားပါတယ်။ အဲဒီမှာ အလုပ်လုပ်နေတုန်း နှိပ်စက်ညှဉ်းပန်းမှုတွေ အများကြီး […] The post ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား Huang Cuilin ကို မြ၀တီမြို့နယ်ရဲစခန်းက Apollo ကျားဖြန့်ဝင်းသို့ ပြန်လည်ရောင်းစား၊ လူကုန်ကူးခံ တရုတ်နိုင်ငံသားက ကယ် တင်ပေးပါရန် အကူအညီတောင်း appeared first on Khit Thit Media .