မာဒူရိုတို့ ဇနီးမောင်နှံ နယူးယောက်သို့ ရောက်ရှိ

Credit to Popular Journal - ဗင်နီဇွဲလားသမ္မတမာဒူရိုနှင့် ဇနီးတို့သည် နယူးယောက်မြို့သို့ရောက်ရှိလာကြပြီဖြစ်ပြီး၊ နှစ်ဦးစလုံးကို နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း အမေရိကန် ရှေ့နေချုပ် Pam Bondi က ပြောကြားသည်။ အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ၎င်းတို့ဇနီးမောင်နှံအား အကျဉ်းထောင်မှတ်တမ်းသွင်းခြင်းလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့၏ အချက်အလက်များကို အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) စနစ်အတွင်းသို့ မထည့်သွင်းမီ ကိုယ်ခန္ဓာဆိုင်ရာအချက်အလက်များ၊ လက်ဗွေရာနှင့် ရာဇဝတ်သားမှတ်တမ်းဓာတ်ပုံများကို ရယူမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အား နယူးယောက်မြို့ရှိ မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန(DEA) ရုံးသို့ မပို့ဆောင်မီ ဆေးစစ်မှုများလည်း ခံယူရမည်ဖြစ်ပြီး၊ ထိုရုံးသို့ ရောက်ရှိချိန်တွင် မှတ်တမ်းထပ်မံသွင်းရမည်ဖြစ်သည်။ မာဒူရိုဇနီးမောင်နှံအား မူးယစ်ဆေးဝါးသုံးစွဲကာ အကြမ်းဖက်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ ကိုကင်းတင်သွင်းမှု၊ စက်သေနတ်နှင့် ဖျက်အားပြင်းလက်နက်များ လက်ဝယ်ထားရှိမှု၊ အမေရိကန်နိုင်ငံကို ဆန့်ကျင်ရန်အတွက် စက်သေနတ်များ လက်ဝယ်ထားရှိရန် […] The post မာဒူရိုတို့ ဇနီးမောင်နှံ နယူးယောက်သို့ ရောက်ရှိ appeared first on Popular .