Credit to Popular Journal - ယနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပရာ အလံတင်တပ်စုမှ နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီးနောက် တက်ရောက်လာသူများမှ ဦးညွှတ်အလေးပြုခဲ့သည်။ ထို့နောက် နံနက် ၇ နာရီ တွင် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ The post (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပ appeared first on Popular .