Credit to Popular Journal - နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ(၅၂)ဦးကို ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒ-ဏ်ပေးခဲ့ကြောင်း အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီမှ အမိန့်အမှတ် ၃ /၂၀၂၆ ဖြင့် ယနေ့ ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည်။ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ(၅၂)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒ-ဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒ-ဏ်လွတ် ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒ-ဏ်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျ-က်ဆက်ဆံရေးကို ရှေးရှုခြင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းတို့ကြောင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒ-ဏ်ပေးခဲ့ခြင်းဖြစ်သည်။ The post နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ(၅၂)ဦးကို ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒ-ဏ်ပေး appeared first on Popular .