Credit to Popular Journal - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မတိုင်မှီ အကြမ်းဖက်မှု တို-က်ဖျ-က်ရေး၊ မတရအသင်းများအက်ဥပဒေတို့အရပြစ်မှုများအပါအဝင် ပြစ်မှု(၁၃)မျိုးမှအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများကို နိုင်ငံတော် ယာယီသမ္မတမှ ၎င်းတို့ကျခံနေရသော ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံလွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံလွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီမှ အမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဇန်နဝါရီ ၄ ရက်က ပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် ယာယီသမ္မတမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့်လ(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားခြင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုခြင်းတို့ဖြင့် ပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ် လျဉ်း၍ ပြစ်ဒ-ဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် […] The post အကြမ်းဖက်မှုတို-က်ဖျ-က်ရေး၊ မတရားအသင်းများအက်ဥပဒေတို့အရပြစ်မှုများအပါအဝင် ပြစ်မှု(၁၃)မျိုးမှအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများကို ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံလွတ်ငြိမ်းသက်သာခွင့်ပြု appeared first on Popular .