ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တပ်မတော်သားများ၊ အနုပညာရှင်များ၊ လူပုဂ္ဂိုလ်များအားဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

Credit to Popular Journal - လူမင်း၊ ပြေတီဦး၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့လည်းပါဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ယနေ့ ဇန်နဝါရီ ၄ ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၂၆ ဖြင့် ကျိုင်းယင်းဆရာတော်ကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တို့အပါအဝင် လူပုဂ္ဂိုလ်များကို နိုင်ငံတော် ယာယီသမ္မတမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့သည်။ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတော်အတွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၏ “စည်သူဘွဲ့”အား ဘဒ္ဒန္တခေမာစာရ (ကျိုင်းယင်းဆရာတော်)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သရုပ်ဆောင် ပြေတီဦး၊ နေတိုး၊ ရန်အောင်၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ဒါရို-က်တာ ဝိုင်းတို့အပါအဝင် စာရေးဆရာကြီးများ၊ ဆိုင်းဆရာကြီးများ၊ သရုပ်ဆောင်များနှင့် အတတ်ပညာရှင်များကို […] The post ဆရာတော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တပ်မတော်သားများ၊ အနုပညာရှင်များ၊ လူပုဂ္ဂိုလ်များအားဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း appeared first on Popular .