Credit to Popular Journal - (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိ မ်းချမ်းသာခွင့်ပေးရာတွင် မန္တလေး အိုးဘိုထောင်မှ အကျဉ်း သား (၂၈၃)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြန်လည်လွတ်မြောက်သူများကို မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကား ပြောကြားကာ လမ်းစရိတ်ချီးမြင့် ငွေပေး အပ်၍ နေရပ်အသီးသီးကို ပြန်ခွင့်ပြုခဲ့သည်ဟုလည်း သိရသည်။ ယနေ့ ဇန်နဝါရီ (၄)ရက်၌ ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းအကျ ဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၆၁၃၄)ယောက်နှင့် နိုင် ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် အဂတိမှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု […] The post မန္တလေး အိုးဘိုထောင်မှ အကျဥ်းသား (၂၈၃)ဦး ပြန်လွတ် appeared first on Popular .