Credit to Popular Journal - ပြိုင်ဘက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပ-စ်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကိုမြှင့်တင်ရန် မျှော်လင့်လျှက် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ခဲ့သည်။ ဇွန်လတွင် တာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း မစ္စတာလီ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်သည် ပြုံယမ်း၏ ရန်လိုသောအပြုအမူနှင့် အမေရိက,က ဗင်နီဇွဲလားကို တို-က်ခိုက်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများမြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ဇန်နဝါရီလ ၄ ရက် နေ့တွင် မြောက်ကိုရီးယားက ဒုံးကျည်ပ-စ်လွှတ်ခြင်းသည် တရုတ်ကို တောင်ကိုရီးယားနှင့် ဆက်ဆံရေးပိုမိုနီးကပ်သွားခြင်းကို ဟန့်တားရန်နှင့် နျူကလီးယားဖျ-က်သိမ်းရေးဆိုင်ရာ တရုတ်၏ ရပ်တည်ချက်ကို တန်ပြန်ရန် သတင်းစကားပေးပို့သည့်သဘောဟု ဆိုးလ်ရှိ အရှေ့ဖျားလေ့လာရေးဌာန ပါမောက္ခ လင်မ်အယ်လ်ချူးလ်က ပြောကြားခဲ့သည်။ လီသည် တောင်ကိုရီးယားစီးပွားရေးခေါင်းဆောင် ၂၀၀ ကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လေးရက်ကြာခရီးစဉ်အတွက် ပေကျင်းကို ရောက်ရှိလာခဲ့ပြီဟု […] The post လီ၏ တရုတ်နိုင်ငံခရီးစဉ် စတင် appeared first on Popular .