နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏အသက်ခန္ဓာဖြစ်ဟု နိုင်ငံတော် ယာယီသမ္မတပြော

Credit to Popular Journal - အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားကိုရည်မျှော်ဆောင်ရွက်ကြရန်လည်းတိုက်တွန်းခဲ့ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏အသက်ခန္ဓာဖြစ်ဟု နိုင်ငံတော် ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအ မှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်း အနားတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အင်အားကြီး နိုင်ငံနှစ်ခုကြားတွင် တည်ရှိနေပြီး ရှုပ်ထွေးသည့်နိုင်ငံရေးသမိုင်းကြောင်း နောက်ခံများနှင့်အတူ ပထဝီအနေအထားအရ အဓိကကျသည့်နေရာတွင်ရှိနေသည့်အပြင် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများလည်းရှိနေ၍ တည်ငြိမ်မှုရှိအောင်ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့်အ ခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့လာနိုင်သည်ဟု ပြောသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကိုသင်ခန်းစာယူပြီး အနာ ဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော်တည်ဆောက်ပြီး နိုင်ငံအ တွက် ကောင်းသည့်အမွေကိုပေးခဲ့မှသာ မိမိတို့ကာလ၊ မိမိတို့ […] The post နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတော်၏အသက်ခန္ဓာဖြစ်ဟု နိုင်ငံတော် ယာယီသမ္မတပြော appeared first on Popular .